Sep 28, 2013

Facebook ကို Windows စတိုင်နဲ့ အသုံးပြုလို့ရမယ့် Facebook Multi Windows



Facebook ကို Floating Window အနေနဲ့ အသုံးပြုနိုင်ပြီး Window ကို Resize, Hide,Restore လုပ်လို့ ရပါတယ်။Facebook ရဲ့  Feature တွေ အားလုံးကိုလည်းအသုံးပြုလို့ ရပါတယ်။Facebook ခနခန Logout ဖြစ်တဲ့သူတွေ လည်း စမ်းသုံးကြည့်နိုင်ပါတယ်။Android 2.1 နဲ့ အထက်မှာသုံးလို့ ရပါတယ်။

သိထားသင့်သည့် Facebook အလွယ်ကီးများ


ယနေ့​ကမ္ဘာ​တစ်​ဝှမ်း​လုံး​မှာ လူ​သုံး​အများ​ဆုံး ဖြစ်လာ​တဲ့ ... Facebook  အတွက် အချိန်​တို အတွင်း​မှာ လွယ်​လွယ်ကူ​ကူ​နဲ လျှင်⁠လျှင်​မြန်⁠မြန်​အသုံးပြု​နိုင်​ရန် shortcut key လေး​တွေ​ကို မျှေ​ဝ​ပေးလိုက်​ရ​ပါ​တယ် ။ တစ်​နေ့​တစ်​နေ့ ... Facebook မ​သုံး​ရ​မ​နေ​နိုင်​တဲ့ သူ​တွေ​အတွက် ဒီ shortcut key လေး​တွေ​က အများ​ကြီး​အထောက်​အကူ​ဖြစ်​စေ​ပါ​လိမ့်​မယ် ။

သူ့​ရဲ့ ကီး​တွေ​က အသုံးပြု​တဲ့ browser ပေါ်​မှာ မူ​တည်​ပြီး ကွဲ​သွား​တာ​ပါ ။ သုံး​ရ​တာ တော်တော်​လေး​ကို အဆင်​ပြေ​ပါ​တယ် ။ အချိန်​ကို တော်တော်​လေး save ဖြစ်​စေ​ပါ​တယ် ။ တစ်​ခု​နဲ့ တစ်​ခု တစ်​နေရာ​နဲ့​တစ်​နေရာ သွား​ရ​တဲ့ နေရာ​မှာ အရမ်း​ကို လျှင်​မြန်​လွယ်ကူ​သွား​ပါ​တယ် ။

သူ့​မှာ​အသုံးပြု​ရ​တဲ့ number key တွေ​က num lock နဲ့​ဆို​မ​ရ​ပါ​ဘူး ။ Keyboard အပေါ်​ဘက်​က num key တွေ​နဲ့​ပဲ​သုံး​လို့​ရ​ပါ​တယ် ။ ကျွန်တော် စ​စ သုံး​ကြည့်​တုန်း​ကတော့ တော်တော်​တိုင်​ပတ်​သွား​ပါ​တယ် ။ ဒီ​ဟာ​က တော်တော်​လေး​ကို အရေးကြီး​ပါ​တယ် ။ တော်​ကြာ နှိပ်​သာ နှိပ်​နေ​ရ​တာ ရ​လည်း မ​ရ​ဘူး​ဆို​ပြီး ကျွန်တော့်​​လို ဖြစ်​ကုန်​ကြ​ပါ​လိမ့်​မယ် ။  ( laptop နဲ့​သုံး​တဲ့​သူ​တွေ​ကတော့ အခက်​အခဲ​မ​ဖြစ်​နိုင်​ဘူး​ပေါ့ ။ )
အဲ့​ဒါ​ဆို ........ shortcut လေး​တွေ​ကို စမ်း​သုံး​ကြည့်​ကြ​ပါ​ဦး... ခင်ဗျာ .... ။

shortcut keys တွေ​အားလုံး​ကို​တော့ ခေါင်း​ရှုပ်​ခံ​ပြီး​မှတ်​မ​နေ​နဲ့​ပေါ့ ။ ကိုယ် အသုံး​အများ​ဆုံး​ဖြစ်​မဲ့ .. homepage , profile , notifications စ​တဲ့ အသုံးလို​မဲ့ ဟာ​လေး​တွေ​ပဲ​မှတ်​ရင် အဆင်​ပြေ​ပါ​လိမ့်​မယ် ။ ( အားလုံး​မှတ်​နိုင်​ရင်​လည်း အကောင်း​ဆုံး​ပေါ့နော်.... ။ )

Facebook သေချာပေါက် Account ဖောက်နည်း စာအုပ်


ကိုဇော်သွင်. ရေးသားတဲ့ Facebook အကောင့် သေချာပေါက်ရအောင် ဖောက်နည်းစာအုပ်ဖြစ်ပါတယ်.. သူ့ဆီမှာ လူတွေ တော်တော် များများ ထောက်ခံမှုရထားတဲ့စာအုပ်ပါ.. ကျွန်တော် မစမ်းရသေးပါဘူး..
ပြီးတော့ သေသေချာချာ ဖတ်ပြီးမှ လုပ်ကြနှော်.. အကောင့်မရတာတို့. ဘာတို့ ညာတို့အတွက် မေးခွန်းကိုတော့ ဖြေပေးနိုင်မှာမဟုတ်ဘူး.. ကိုယ့်သဘောနဲ့ကိုယ်ပေါ့..

Sep 27, 2013

Facebook Group Chat တည်ဆောက်နည်း



Facebook Chat မှာ တစ်ယောက်ချင်း ချက်နေကြတာကတော့ လူတိုင်းနီးပါး လုပ်တတ်ကြတာပါပဲ။ အခု ပြောမှာကတော့ တစ်ယောက်ချင်း ချက်တာ မဟုတ်ဘူး။ အုပ်စုဖွဲ့ပြီး ချက်တာပေါ့ဗျာ။ Group Chat ပေါ့။ ကိုယ့် ဘော်ဘော်တွေ အချင်းချင်း တစ်နေရာတည်းမှာ စုပြီး တော်ကီပွားသလိုမျိုးပေါ့။ ဒီလို Group Chat တစ်ခုကို ဖန်တီးယူဖို့ အတွက်ဆိုရင် …..

  • ပထမဆုံး အနေနဲ့ Facebook Login ဝင်ပါ။
  • ပြီးသွားရင် http://www.facebook.com/messages/ ကို သွားလိုက်ပါ။
  • New Message ကို နှိပ်ပါ။

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)



တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင် facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ

ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊ အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့  facebook ကို မျက်လှည့်ပြလိုက်ရုံဘဲလေ( သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)

အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို

 ဒေါင်းပြီး ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ

Sep 26, 2013

ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ



ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို “Trusted Friends” ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။ Facebook account ထဲဝင်လို့ မရတော့ ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။

သောကြာနေ့က မိတ်ဆက်လိုက်တဲ့ “Trusted Contacts” ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။

“Trusted Contacts” ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က ဖန်တီးပေးလိုက်တာပါ။
Facebook က ဒါကို အကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး အခုမှာတော့ အသုံးပြုဖို့  အဆင့်သင့်ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။

“Trusted Contacts” ဆိုတာ ဒီလိုပါ။

၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက်ထိကို ရွေးချယ်ထားရပါမယ်။
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က သင်ရွေးချယ်ထားတဲ့ မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
၃။ အဲဒီ security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။

Facebook နဲ့ပတ်သက်လို့ ...



၁။ Like, Comment, Share တစ်ခုခု သို့မဟုတ် အားလုံးကိုလက်ခံနိုင်မှ Post, Photo, Status တင်ပါ။ အကယ်၍ မကြိုက်တဲ့ Comment ပေးလာရင်လည်း Delete လို့ရပါတယ်။ ဒါ့အပြင် လုပ်နိုင်တာတွေ Friend Setting ထဲက Option မှာ ကြိုက်သလိုရွေးလို့ရပါတယ်။

၂။ ဒီလူ Post တွေတင်တာ သိပ်ကြမ်းတယ်။ ရိုင်းတယ်။ လူ့အဖွဲ့အစည်းကိုထိခိုက်တယ်။ အုံကြွမှုဖြစ်အောင် ဖန်တီးနေတယ်လို့ယူဆရင် Report လုပ်နိုင်တယ်။ နောက်နောင် လုံးဝမမြင်ချင်ဘူးဆိုရင်လည်း Block ပြီး Unfriend လုပ်လိုက်ရုံပဲ။

၃။ ဒီ Friend ရဲ့ သဘောထားနဲ့လုပ်ဆောင်ချက်တွေ မကြိုက်ဘဲနဲ့တော့ Friend လုပ်မထားပါနဲ့။ ဒေါမနဿ ၀န်ထုပ်ဝန်ပိုးကြီးထမ်းထားရသလိုဖြစ်နေမယ်။

၎။ အကယ်၍ ဒီ Friend ကို ကြိုက်တော့မကြိုက်ဘူး သူ့လှုပ်ရှားမှုကို လေ့လာစောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုရင် အဲဒီအတိုင်းပဲနေ၊ Like, Comment, Share တစ်ခုခုသွားမပေးနဲ့။ သူ့ကို စောင့်ကြည့်နေတယ်ဆိုတာ သတိမပေးမိစေနဲ့။

Facebook video download for android ဖုန်း



Android ဖုန်းက​နေFacebookက
ဗွီဒီယို​တွေ​ဒေါင်းယူချင်​ရင်​ဒီ​ဆော့ဝဲ​လေး​ကောင်းပါတယ်
ဒေါင်းတာလည်းမြန်​ပါတယ်
ဒီ​ဆော့ဝဲ​လေး​ဒေါင်းပြီးဖုန်းထဲမှာ
Install လုပ်​ထားလိုက်​ပါ။

Sep 25, 2013

HACK ခံလိုက်ရသည့် သင့်၏ FACEBOOK ACCOUNT အား ဘယ်လို ပြန်ယူမလဲ..?



Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ.?
အားလုံး သိကြတဲ့ အတိုင်း Facebook ဆိုတဲ့ လူမှုရေး ကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေ ကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲ တာက ပိုများလာနေ ပါတယ်။ ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေ အားလုံးနဲ့ နေရာတကာမှာ မျက်စိ နောက်လောက်အောင် Facebook မှ Facebook ပါပဲ။

ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့်အနေနဲ့ ကံအကြောင်း မလှလို့ hack ခံလိုက်ရပြီ ဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ပေမယ့် စိတ်ပိုင်း ဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ "ဆေး" စွဲနေသူများက ပိုခံရပါလိမ့်မယ်။

Facebook Account ကို ပြန် ပြီး Recovery လုပ်တဲ့နည်း ပါ။



ဒီ Post ကတော့ Facebook သုံး တဲ့ Email ပါ LogIn ၀င် မ ရ ရင် Facebook recovery လုပ် လို့  ရ နိုင် ဖို့  ရည် ရွယ် ပါ တယ်.

www.facebook.com ဒီ link လေး ကို အ ရင် သွား ပါ.

ပြီး ရင် "Forget your password" ဆို တာ ကို နှိပ် ပါ။

Identify your account ကို Email(facebook ကို LogIn ၀င် နေ ကြ Email ပါ )
ကို Enter Your Email or phone no မှာ ရိုက် ပြီး Search ကို နှိပ် ပါ။

facebook သုံး သူတွေအတွက် သိထားသင်တဲ အချက်(၈)ချက်


(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန်
Setting ထဲက Privacy Setting မှာ Block List ကို တွေ့ ရမှာပါ။ အဲဒီမှာ သင် Blockလုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်ရုံပေါ့။ Friend Requestထပ်ပို့ မှပဲ သင်တို့  သူငယ်ချင်း ဖြစ်နိုင်ပါတော့မယ်။

(၂) Comment တွေဖျက်ဖို့ 
Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံပေါ့။

(၃) သင့်ပုံ သူများ မမြင်စေချင်ရင်
ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ များနေမယ်ဆိုရင် Remove Tag လုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကို
ဖွင့်လိုက်ပါ။ အဲဒီ Photo (ပုံ) အောက်မှာ Tag ချိတ်ထားတဲ့
ကိုယ့်နာမည်ဘေးမှာ Photo နဲ့  Remove Tag ဆိုတာ တွေ့ ရပါမယ်။ Remove Tagလုပ်ရုံပါပဲ။ ဒါဆိုရင်သင့်ကို Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။

Sep 22, 2013

Facebook အကောင့်အသစ်ဖွင့်ရင် lock မကျအောင်ဖွင့်မယ်


မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ facebook အကောင့်အသစ်ဖွင့်ရင် လော့ကျကျနေတယ်ပြောလို့ အဆင်ပြေနိုင်ဆုံးနည်းလမ်းလေးကို ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင် အကောင့် လေးခုလောက် စမ်းပြီး ဖွင့်ပေးပြီးသွားပါပြီး လော့ မကျပါဘူးအဆင်ပြေပါတယ်။ သူငယ်ချင်းအားလုံးလည်း ဒီနည်းလမ်းလေးကို အသုံးပြုကြည့်နိုင်ပါတယ်ခင်ဗျာ။ စမ်းသပ် ကြည့်မဲ့သူငယ်ချင်းများအတွက် အသုံးဝင်မှာပါ။ proxy တွေ ကျော်သုံးစရာလည်းမလိုပါဘူး Firefox browser လေးနဲ့ ဖွင့်မဲ့နည်းလမ်းလေးကိုပြောပါ့မယ်။

ဒါနဲ့ ဘယ်လိုစမ်းမိသွားလည်း ဆိုတော့ လာလာနှိပ်စက်တဲ့သူတွေ ရှိနေလို့ပါ မနေနိုင်လို့ လုပ်ပေးရင်းနဲ့ ဒီနည်းလမ်းလေးတွေ့သွားတာပါ။ အရင်ဆုံး facebook အသုံးပြုဖို့အတွက် mail တစ်ခု ရှိဖို့လိုအပ်ပါတယ် ရှိပြီးသားသူငယ်ချင်းတွေအတွက်တော့ ဒီအဆင့်က မလိုပါဘူး မရှိသေးတဲ့သူငယ်ချင်းများအတွက်တော့ mail တစ်ခုဖွင့်လိုက်ပါ။

အကောင့်ရသွားပြီ ဆိုရင်တော့ firefox ကိုပိတ်လိုက်ပါ။ windown logo နဲ့ R ကိုတွဲနှိပ်လိုက်ပါ။ Run box တတ်လာပါလိမ့်မယ် အဲဒီ run box ထဲမှာ %appdata% ဆိုတာရိုက်ပြီး enter နှိပ်လိုက်ပါ။ ဖိုဒါတွေ များကြီးတတ်လာပါလိမ့်မယ်။ အဲဒီထဲကမှ mozilla ဖိုဒါကိုရှာပြီး Shift Delet နှိပ်ပြီး ဖျက်ပစ်လိုက်ပါ။

ဖျက်ရမယ့် Folder ဖြစ်ပါတယ်။ မဖျက်ဘဲနဲ့ Cut လုပ်ပြီး တစ်နေရာမှာ သိမ်းထားလည်း ဖြစ်ပါတယ်။

ဖျက်ပြီးသွားရင်တော့ firefox icon လေးကို နှိပ်ပြီး ဖွင့်လိုက်ပါ။ Install လုပ်စဉ်ကအတိုင်း setting ပြန် run ပါလိမ့်မယ် ပြီးသွားရင် firebox တတ်လာပါပြီခင်ဗျာ။ facebook အကောင့်လုပ်ဖို့အတွက် www.facebook..com သို့သွားလိုက်ပါ။

လိုတာတွေ ဖြည့်ပြီး Sign Up လုပ်ပါ။

  • အကောင့်ရသွားရင်တော့ နောက်တစ်မျက်နှာရောက်သွားပါလိမ့်မယ် ။


  • Save & Continue ကိုနှိပ်လိုက်ပါ set profile picture ကိုရောက်သွားပါလိမ့်မယ်။


ပြီးသွားရင်တော့ save & continue ကိုနှိပ်လိုက်ပါ home page တတ်လာပါပြီ အဲဒီမှာ go to your gmail ဆိုတာလေး ပေါ်လာပါလိမ့်မယ် မနှိပ်လိုက်ပါနဲ့ နှိပ်လိုက်ရင်တော့ lock ကျပါပြီ တစ်ခါတစ်လေလည်းမကျပါဘူး ကျတာက များပါတယ်။ ဘာပဲဖြစ်ဖြစ်မနှိပ်ပါနဲ့ firefox မှာ New Tab ခေါ်လိုက်ပါ။ မိမိအကောင့်လုပ်တဲ့ mail ကိုဖွင့်လိုက်ပါ။ facebook က ပို့ထားတဲ့ Just for one more step ဆိုတဲ့ မေးလေးရောက်ပါလိမ့်မယ် အဲဒါဆိုရင်တော့ ပထမဖွင့်ထားတဲ့ facebook page မှာ news feeds ကနေ post အသစ်တစ်ခုလောက် ချက်ခြင်းတင်လိုက်ပါ။ တင်ပြီးသွားရင်တော့ မေးထဲမှာ facebook ကပို့ထားတဲ့မေးကို ဖွင့်ပြီး activate လုပ်လို့ရပါပြီ။


အခုနောက်ပိုင်းမှာတော့ ဒီလိုပုံစံ မလာတော့ပါဘူး။ နှိပ်စရာ တစ်ခုတည်းပါပါတယ်။ အဲ့ဒါကိုပဲ နှိပ်ချလိုက်ပါ။

facebook အကောင့် complete singup လုပ်သွားပါလိမ့်မယ်။ ခုဆိုရင် facebook အကောင့်ကို လော့မကျအောင် ဖွင့်နည်းလေး ပြီးပါပြီး ဖုန်းထဲမှာပဲ ဖြစ်ဖြစ် အကောင့်ကို sing out လုပ်ပြီး ပြန်ဝင်ကြည့်တာပဲဖြစ်ဖြစ်လုပ်ကြည့်နိုင်ပါတယ် ခင်ဗျာ။ စမ်းသပ်ပြီးသားလေး အဆင်ပြေအောင် ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ။ gmail ရှိပြီးသား သူငယ်ချင်းများလည်း gmail အကောင့်နဲ့ဖွင့်နိုင်ပါတယ်ခင်ဗျာ။ လာရောက်အားပေးကြတဲ့သူငယ်ချင်းများကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြည်(ITShareint) ရဲ့ ပို့စ်ကိုတိုက်ရိုက်မျှဝေခြင်းဖြစ်ပါတယ်..

http://www.maungpauk.org/ တွင် တွေ့မိ၍ ပြန်လည် ဝေမျှသည်။ 

ဥာဏ်ရှိသလို သုံးကြပါလေ။

Sep 21, 2013

Start Posting

21-09-2013, Sat
Born HowFace & Start Posting Here.